Eleven Media Group

AFC Futsal Asian Cup 2026 ခြေစစ်ပွဲ အုပ်စုအဆင့်မှာ မြန်မာအသင်း အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်တို့နဲ့ ကျရောက်

Photo: AFC

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းဟာ AFC Futsal Asian Cup 2026 ခြေစစ်ပွဲ အုပ်စုအဆင့်မှာ အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်တို့နဲ့အတူ အုပ်စု(H)မှာ ကျရောက်ခဲ့ကြောင်း သိရပါတယ်။
မဲခွဲပွဲအခမ်းအနားကို ဒီနေ့ နေ့လယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ခြေစစ်ပွဲမှာ အုပ်စု(၈)ခု ခွဲခြားယှဉ်ပြိုင်သွားမှာပါ။
မြန်မာအသင်း ပါဝင်တဲ့ အုပ်စုကလွဲရင် ကျန်အုပ်စုတွေက ပြိုင်ပွဲဝင်အသင်း (၄)သင်းစီ ပါဝင်ကြောင်းလည်း သိရပါတယ်။
အုပ်စုပထမရရှိတဲ့ အသင်း(၈)သင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယရရှိတဲ့ (၇)သင်း ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲ ပွဲစဉ်တွေကို ၂၀၂၅ စက်တင်ဘာ ၂၀ ကနေ ၂၄ ရက်အတွင်း ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး မြန်မာအသင်းပါဝင်တဲ့ အုပ်စုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group