Eleven Media Group

ဂျပန်တိုက်စစ်ကစားသမား ရင်တာရိုဟားမားကို ရန်ကုန်ယူနိုက်တက်အသင်း တစ်ရာသီစာချုပ်နဲ့  ခေါ်ယူ

Photos: Yangon United

မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းဟာ ဂျပန်တိုက်စစ်ကစားသမား ရင်တာရိုဟားမားကို တစ်ရာသီစာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ တိုက်စစ်အားဖြည့်တဲ့အနေနဲ့ ဖိလစ်ပိုင်ကလပ် ဆီဘူးအသင်းမှာ ကစားခဲ့တဲ့ ဂျပန်တိုက်စစ်မှူး ရင်တာရိုဟားမားကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဟားမားဟာ ဂျပန်တက္ကသိုလ်အသင်းမှာ လေးနှစ်ကစားပြီးနောက် ဆီဘူးအသင်းမှာ သုံးနှစ်ကစားခဲ့တာဖြစ်ပါတယ်။
ဟားမားဟာ ဆီဘူးအသင်းနဲ့အတူ အာရှအဆင့်ကလပ်ပြိုင်ပွဲ ယှဉ်ပြိုင်ဖူးတဲ့ အတွေ့အကြုံ ရှိသူဖြစ်တာကြောင့် ရန်ကုန်ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ ယှဉ်ပြိုင်ရမယ့် AFC Challenge League ပြိုင်ပွဲအတွက် ရည်ရွယ်ကာ ဒီရာသီအတွက် လေးဦးမြောက် နိုင်ငံခြားသားကစားသမား ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ရင်တာရိုဟားမားမတိုင်ခင်က နောက်ခံလူ ဆာဒူး၊ ကွင်းလယ်ကစားသမား ဆိုင်တို၊ တိုက်စစ်မှူး မိုဂူတို့ကို ခေါ်ယူထားပါတယ်။

မူရင်းသတင်း — Eleven Media Group