Eleven Media Group

■ မန်စီးတီးတိုက်စစ်မှူး ဟာလန်း ကစားသမားဘဝ သွင်းဂိုး (၃၀၀) ပြည့်မြောက်

Photo: Getty Images

မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ဂျူဗင်တပ်စ်ကို အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်းပြီးနောက် ကစားသမားဘဝ သွင်းဂိုး (၃၀၀) ပြည့်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဇွန် (၂၆) ရက်က ကစားခဲ့တဲ့ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ် ဂျူဗင်တပ်စ် (၂-၅) မန်စီးတီးပွဲမှာ ဟာလန်းဟာ ပွဲချိန် (၅၂) မိနစ်မှာ မန်စီးတီးအသင်းအတွက် တတိယဂိုးကို သွင်းယူပေးခဲ့တာပါ။

အဲဒီဂိုးဟာ ဟာလန်းအတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် ကလပ်နဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက် (၃၀၀) မြောက် သွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့ပြင် ဂျူဗင်တပ်စ်နဲ့ပွဲက သွင်းဂိုးဟာ ဟာလန်းအတွက် အခု ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။ သူဟာ ကလပ်နဲ့ နိုင်ငံအတွက် ပြိုင်ပွဲစုံနောက်ဆုံး (၆) ပွဲမှာ (၅) ဂိုး သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဟာလန်းဟာ မိုဒီအသင်းအတွက် ဂိုး (၂၀)၊ ဆာလ်ဇ်ဘာ့ဂ်အတွက် (၂၉) ဂိုး၊ ဒေါ့မွန်အတွက် (၈၆) ဂိုး၊ မန်စီးတီးအတွက် (၁၂၃) ဂိုးနဲ့ နော်ဝေလက်ရွေးစင်အသင်းအတွက် (၄၂) ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group