Eleven Media Group

■ မန်စီးတီးကနေ ထွက်ခွာမယ်ဆိုတဲ့သတင်းတွေကို အီဒါဆန် ငြင်းဆန်

မန်စီးတီးဂိုးသမား အီဒါဆန်က အသင်းကနေထွက်ခွာမယ်ဆိုတဲ့သတင်းတွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။

အသက် (၃၁) နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အီဒါဆန်ဟာ ၂၀၁၇ နွေရာသီမှာ ဘင်ဖီကာအသင်းကနေ မန်စီးတီးအသင်းဆီသို့ ပေါင် (၃၅) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

မန်စီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ အီဒါဆန်ရဲ့လက်ရှိစာချုပ်မှာ တစ်နှစ်သာ ကျန်ရှိတော့ပြီး အခုနွေမှာ ဆော်ဒီသို့ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အီဒါဆန်က သူ့ရဲ့အနာဂတ်မှာ မန်စီးတီးအသင်းမှာ ရှိနေပြီး အသင်းကနေထွက်ခွာမယ်ဆိုတဲ့သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ ပြောကြားခဲ့တာပါ။

အီဒါဆန်က "ကျွန်တော့်ရဲ့အနာဂတ်က ဒီ(မန်စီးတီးအသင်း)မှာပဲ ရှိပါတယ်။ တချို့သူငယ်ချင်းတွေက ကျွန်တော့်ကို သူတို့တွေ့တဲ့ သတင်းတွေ ပို့ကြတယ်။ ဒါပေမဲ့ သတင်းတွေရဲ့ (၉၉) ရာခိုင်နှုန်းက မမှန်ပါဘူး။ ကျွန်တော့်အနေနဲ့ မန်စီးတီးအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ပရီးမီးယားလိဂ် ပြန်ရဖို့နဲ့ ချန်ပီယံလိဂ်ဖလား ထပ်ရဖို့ ကြိုးစားမှာပါ။ ကျွန်တော့်ရဲဲ့စိတ်က အသင်းအပေါ်မှာပဲ ရှိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အသင်းဂိုးသမား အီဒါဆန်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ဘယ်လိုဖြစ်လာမယ်ဆိုတာကို မသိဘူးလို့ ပြောဆိုထားပါတယ်။

မူရင်းသတင်း — Eleven Media Group