Eleven Media Group

■ ဂူဟီကို ပေါင်သန်း (၃၀) နဲ့ ကမ်းလှမ်းဖို့ လီဗာပူးလ်အသင်း စီစဉ်

Photo: Getty Images

လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်နောက်ခံကစားသမား ဂူဟီကို ပေါင်သန်း (၃၀) နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အသက် (၂၄) နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံကစားသမား ဂူဟီဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

လက်ရှိမှာ လီဗာပူးလ်အသင်းက သူ့ကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ပေါင်သန်း (၃၀) နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ဂူဟီအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၇၀) သတ်မှတ်ခဲ့ပေမဲ့ အခု စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်တော့လို့ ပြောင်းရွှေ့ကြေးတစ်ဝက်ကျော် ကျဆင်းသွားတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အသင်းလူငယ်နောက်ခံကစားသမား ကွမ်ဆာကို လေဗာကူဆင်အသင်းထံ ရောင်းချမှာဖြစ်ပြီး ခံစစ်ပိုင်းအတွက် ဂူဟီကို ခေါ်ယူဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group