Eleven Media Group

■ ရိုမဲရိုးကို ပေါင်သန်း (၆၀) အထက်ရမှ စပါးအသင်း ရောင်းချမယ်

စပါးအသင်းဟာ အက်သလက်တီကိုအသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အသင်းနောက်ခံကစားသမား ရိုမဲရိုးကို ပေါင်သန်း (၆၀) အထက်ရမှ ရောင်းချမယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။

အသက် (၂၇) နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်နောက်ခံကစားသမား ရိုမဲရိုးဟာ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရိုမဲရိုးကို ခေါ်ယူဖို့ စပိန်ထိပ်သီး အက်သလက်တီကိုအသင်းက စိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကလည်း စပိန်လာလီဂါမှာ ကစားလိုကြောင်း ဝန်ခံထားပါတယ်။

ဒါပေမဲ့ စပါးအသင်းဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ရိုမဲရိုးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀) အထက်ရမှ လက်လွှတ်မယ်လို့ The Telegraph က ဖော်ပြခဲ့တာပါ။

စပါးအသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ပြီးခဲ့တဲ့ရာသီက အငှားလာကစားခဲ့ကြတဲ့ နောက်ခံကစားသမား ဒန်ဆိုနဲ့ တိုက်စစ်ကစားသမား မာတီတဲလ်တို့ကို အပြီးသတ်ခေါ်ယူထားပါတယ်။

မူရင်းသတင်း — Eleven Media Group