Eleven Media Group

■ လီဗာပူးလ်ကနေ ထွက်ခွာဖို့ အဲလီယတ်ကို အဘွန်လဟော တိုက်တွန်း

အက်စတွန်ဗီလာနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အဘွန်လဟောက လီဗာပူးလ်ကွင်းလယ်ကစားသမား အဲလီယတ်ကို တိုက်တွန်းခဲ့ပါတယ်။

အဲလီယတ်ဟာ လက်ရှိ ဥရောပယူ-၂၁ ပြိုင်ပွဲမှာ အင်္ဂလန်ယူ-၂၁ အသင်းအတွက် ခြေစွမ်းပြနေတာကြောင့် လီဗာပူးလ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့အပေါ် မေးခွန်းထုတ်မှုတွေ ရှိနေတာပါ။

အသက် (၂၂) နှစ်အရွယ် အဲလီယတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ပြိုင်ပွဲစုံ ပွဲပေါင်း (၂၈) ပွဲသာ ကစားခဲ့ရသလို၊ ပရီးမီးယားလိဂ်မှာလည်း (၂) ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အဘွန်လဟောက အဲလီယတ်ကို အခုနွေမှာ ပုံမှန်ပွဲကစားခွင့်ရမယ့်အသင်းဆီသို့ ပြောင်းရွှေ့ကစားဖို့ တိုက်တွန်းခဲ့တာပါ။

အဘွန်လဟောက "အဲလီယတ်က အပတ်စဉ်တိုင်း ပွဲထွက်ကစားခွင့်ရသင့်သူပါ။ အခုဆိုရင် သူ့အသက်က (၂၂) နှစ် ရှိနေပါပြီ။ လူတွေက မန်စီးတီးကွင်းလယ်ကစားသမား မက်အာတီအကြောင်းပဲ ပြောနေကြတယ်။ အဲလီယတ်က တစ်ရာသီမှာ ပွဲ (၄၀) လောက် ကစားဖို့လိုအပ်ပါတယ်။ လီဗာပူးလ်မှာ အဲဒီအခွင့်အရေးကို သူ မရနိုင်ပါဘူး။ လီဗာပူးလ်လို ထိပ်တန်းအသင်းမျိုးကနေ ထွက်ခွာဖို့ ခက်ခဲမယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အဲလီယတ်အနေနဲ့ သူနဲ့ သင့်တော်မယ့်အသင်းကို ပြောင်းရွှေ့ကစားသင့်ပါတယ်"လို့ ပြောကြားခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group