Eleven Media Group

■ ဗလင်စီယာလူငယ်နောက်ခံကစားသမား မော့ကွီရာကို ခေါ်ယူဖို့ အာဆင်နယ်အသင်း ဆွေးနွေး

အာဆင်နယ်အသင်းဟာ ဗလင်စီယာလူငယ်နောက်ခံကစားသမား မော့ကွီရာကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ စပိန်နောက်ခံကစားသမား ဟူဆန်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ကစားသမားက ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။

ဒါကြောင့် အာဆင်နယ်အသင်းဟာ အသင်းနဲ့လမ်းခွဲခဲ့တဲ့ နောက်ခံကစားသမား တီယာနေးရဲ့နေရာမှာ အစားထိုးဖို့ စီစဉ်နေပြီး ဗလင်စီယာနောက်ခံကစားသမား မော့ကွီရာကို ခေါ်ယူဖို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ မော့ကွီရာကို ပေါင် (၁၇) သန်း (ယူရိုသန်း ၂၀)နဲ့ ခေါ်ယူဖို့ ဆွေးနွေးနေပြီး သူ့ကို ခေါ်ယူဖို့ စပိန်ကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အသက် (၂၀) အရွယ် စပိန်နောက်ခံကစားသမား မော့ကွီရာဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဗလင်စီယာအသင်းအတွက် ပြိုင်ပွဲစုံ (၄၁) ပွဲအထိ ကစားခဲ့တာ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group