
လီဗာပူးလ်နောက်ခံကစားသမားသစ် ကာကက်ဇ်က သူ့အနေနဲ့ အသင်းဖော်တွေဆီကနေ သင်ယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဘုန်းမောက်အသင်းက ဟန်ဂေရီလက်ရွေးစင်ဘယ်နောက်ခံကစားသမား ကာကက်ဇ်ကို ပေါင်သန်း (၄၀) နဲ့ ခေါ်ယူခဲ့ပြီး (၅) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။
အသက် (၂၁) နှစ်အရွယ်ရှိ ကာကက်ဇ်က လီဗာပူးလ်အသင်းဖော်တွေဆီကနေ သင်ယူသွားမှာဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် အသင်းဖော်သစ်တွေက ကူညီလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ကာကက်ဇ်က "လီဗာပူးလ်ကစားသမားတွေက ထိပ်တန်းအဆင့်မှာ နှစ်ပေါင်းများစွာ ကစားခဲ့ကြပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေကိုလည်း ရထားကြတာပါ။ အဲဒီအရာက ကျွန်တော့်အတွက် အရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းဖော်တွေဆီကနေ သင်ယူသွားမှာဖြစ်ပြီး သူတို့အနေနဲ့ ကျွန်တော့်ကို ထိပ်တန်းကစားသမားဖြစ်အောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ကာကက်ဇ်က လီဗာပူးလ်အသင်းမှာ ဘယ်နောက်ခံနေရာအတွက် နေရာအပြိုင်လုရဖွယ်ရှိနေတဲ့ အသင်းဖော်သစ် ရောဘတ်ဆန်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်ကြောင်းလည်း ချီးကျူးပြောကြားခဲ့ပါတယ်။