Eleven Media Group

■ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်ဖို့ နေမာကို အန်ဆယ်လော့တီ တိုက်တွန်း

Photo: Getty Images

ဘရာဇီးလ်နည်းပြသစ် အန်ဆယ်လော့တီက နာမည်ကျော်တိုက်စစ်မှူး နေမာကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။

အသက် (၃၃) နှစ်အရွယ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ဆန်းတို့စ်အသင်းအတွက် (၅) လအတွင်း ပြိုင်ပွဲစုံ (၁၂) ပွဲသာ ကစားနိုင်ခဲ့တာပါ။

ဒါကြောင့် ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီက နေမာကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီက "နေမာအနေနဲ့ ကမ္ဘာ့ဖလားအတွက် ကောင်းကောင်းပြင်ဆင်ထားဖို့ လိုပါတယ်။ အဲဒီလိုပြင်ဆင်ဖို့အတွက်လည်း သူ့မှာ အချိန်အလုံအလောက် ရှိပါတယ်။ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ ကစားသမား ဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

နေမာဟာ ဘရာဇီးအသင်းအတွက် (၇၉) ဂိုးအထိ သွင်းယူထားပြီး အသင်းသမိုင်းမှာ ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေတာပါ။

ဒါပေမဲ့ သူဟာ ဘရာဇီးလ်နည်းပြသစ် အန်ဆယ်လော့တီလက်ထက်မှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ကစားနိုင်ခြင်းမရှိသေးပါဘူး။

မူရင်းသတင်း — Eleven Media Group