Eleven Media Group

■ ဟာလန်း ကစားသမားဘဝ ဂိုး (၃၀၀) ပြည့်မြောက်ခဲ့ပြီး ရော်နယ်လ်ဒို၊  မက်ဆီ၊ ဘာပေတို့ထက် မှတ်တမ်းပိုကောင်း

မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ ဂျူဗင်တပ်စ်အသင်းနဲ့ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် ကစားသမားဘဝသွင်းဂိုး (၃၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ရော်နယ်လ်ဒို၊ မက်ဆီ၊ အမ်ဘာပေတို့ထက် မှတ်တမ်းပိုကောင်းကြောင်း ESPN သတင်းဌာနရဲ့ ဖော်ပြခဲ့ပါတယ်။

ဟာလန်းဟာ ဇွန် (၂၆) ရက် ညပိုင်းက ဂျူဗပ်တစ်အသင်းနဲ့ ကစားတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲထွက်အဖြစ် ပါဝင်ခွင့်မရပေမဲ့ ဒုတိယပိုင်းစတင်ချိန်မှာ မာမွတ်ရှ်ရဲ့နေရာ လူစားဝင်ရောက်ကစားခဲ့တာပါ။

သူဟာ လူစားဝင်လာပြီး မိနစ်ပိုင်းအကြာ ဖြစ်တဲ့ (၅၂) မိနစ်မှာ နူနက်စ်ရဲ့ပေးပို့မှုကတစ်ဆင့် အနီးကပ်ပိတ်သွင်းပြီး ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီဂိုးမှာ ဟာလန်းအတွက် မန်စီးတီးကစားသမားဘဝ ပြိုင်ပွဲစုံ (၁၄၅) ပွဲမှာ (၁၂၃) ဂိုးမြောက် သွင်းယူနိုင်တဲ့ဂိုးဖြစ်ခဲ့သလို ကလပ်နဲ့ နိုင်ငံအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၃၇၀) မှာ ဂိုး (၃၀၀) ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီမှတ်တမ်းမှာ ရော်နယ်လ်ဒို (၅၅၄ ပွဲ)၊ မက်ဆီ (၄၁၈ ပွဲ)၊ ဘာပေ (၄၀၉ ပွဲ)တို့ ဂိုး ၃၀၀ ပြည့်ခဲ့တဲ့ ပွဲအရေအတွက်ထက် ပိုနည်းကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဇူလိုင်လအတွင်း အသက် (၂၅) နှစ်ပြည့်မယ့် ဟာလန်းသည် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄ နှစ်ရာသီဆက်တိုက်နဲ့ ဥရောပရွှေဖိနပ်ဆု (ESM) ကို ၂၀၂၂-၂၀၂၃ ရာသီက ရရှိထားပါတယ်။

မူရင်းသတင်း — Eleven Media Group