Eleven Media Group

■ နစ္စတယ်ရွိုင်းရဲ့နေရာကို ရှောင်ဒိုက်နဲ့ လက်စတာ အစားထိုးဖွယ်ရှိ

Photo: Football Insider

လိဂ်ချန်ပီယံရှစ်ကလပ် လက်စတာအသင်းဟာ နစ္စတယ်ရွိုင်းနဲ့ လမ်းခွဲပြီးနောက် လစ်လပ်သွားတဲ့ နည်းပြနေရာကို အဲဗာတန်နဲ့ ဘန်လေနည်းပြဟောင်း ရှောင်ဒိုက်နဲ့ အစားထိုးဖွယ်ရှိနေပါတယ်။

ရှောင်ဒိုက်(၅၃ နှစ်)ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အဲဗာတန်အသင်းက ထုတ်ပယ်ခံရပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေတာပါ။

လက်စတာအသင်းအနေနဲ့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းပြီးနောက် ကိုးပတ်ကြာမှ နစ္စတယ်ရွိုင်းကို လမ်းခွဲခဲ့တာဖြစ်တယ်။

နစ္စတယ်ရွိုင်း(၄၈ နှစ်)ဟာ လက်စတာအသင်းကို ၂၇ ပွဲ ကိုင်တွယ်ခဲ့ပြီး ငါးပွဲသာအနိုင်ရကာ ၁၉ ပွဲ အရေးနိမ့်ခဲ့ပါတယ်။

လက်စတာအသင်းရဲ့ထုတ်ပြန်ချက်မှာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာလို့ ဖော်ပြခဲ့ပြီး နစ္စတယ်ရွိုင်းကလည်း သူ့ရဲ့လက်တွဲလုပ်ကိုင်ခဲ့သူအားလုံးကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

လက်စတာအနေနဲ့ ရာသီကြိုပြင်ဆင်မှုအတွက် နည်းပြသစ်ကို မကြာခင် တရားဝင်ခန့်အပ်ဖို့ ရှိပါတယ်။

လက်စတာအသင်းဟာ လိဂ်ချန်ပီယံရှစ် ရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၁၀ ရက်မှာ ရှက်ဖီးဝင်းစ်ဒေးနဲ့ ကစားရမှာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group