
ဘရန့်ဖို့ဒ်အသင်းဟာ အသင်းရဲ့ Set-piece နည်းပြ ကိသ်အန်ဒရူးစ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။
အန်ဒရူးစ်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကမှ ဘရန့်ဖို့ဒ်အသင်းကို ရောက်လာပြီး Set-piece နည်းပြအဖြစ် လုပ်ကိုင်ခဲ့တာပါ။
ဘရန့်ဖို့ဒ်အသင်းက အန်ဒရူးစ်ကို သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်တယ်။
အန်ဒရူးစ်(၄၄ နှစ်)ဟာ ဝုလ်ဗ်အသင်းမှာ ပရိုကစားသမားဘ၀ စတင်ခဲ့ပြီး MK ဒွန်းစ်နဲ့ ဘလက်ဘန်းအသင်းတွေမှာလည်း ကစားခဲ့ပါတယ်။
အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် ၃၅ ပွဲ ကစားပေးခဲ့ပြီး ယူရို-၂၀၁၂ ပြိုင်ပွဲဝင်အသင်းမှာ ပါဝင်ခဲ့ပါတယ်။
၎င်းဟာ MK ဒွန်းစ်၊ အိုင်ယာလန်လက်ရွေးစင်၊ ရှက်ဖီးယူနိုက်တက်အသင်းတွေမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။