Eleven Media Group

■ ရာသီသစ်အတွက် ခြောက်ဦးမြောက်ကစားသမားသစ်အဖြစ် ဂိုးသမားတစ်ဦးကို လီဗာပူးလ် ခေါ်ယူ

လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီသစ်အတွက် ခြောက်ဦးမြောက်ကစားသမားသစ်အဖြစ် မထင်မရှားဂိုးသမားတစ်ဦးဖြစ်သူ ဖရက်ဒီဝုဒ်မန်းကို ခေါ်ယူခဲ့ပါတယ်။

ဝုဒ်မန်း(၂၈ နှစ်)ဟာ ပရက်စတန်အသင်းနဲ့ လမ်းခွဲပြီးနောက် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်လာခဲ့တာပါ။

၎င်းဟာ စီနီယာကစားသမားဘဝကို နယူးကာဆယ်အသင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး ၂၀၂၁-၂၂ ရာသီက အသင်းနဲ့အတူ ပရီးမီးယားလိဂ် လေးပွဲ ကစားခဲ့ပါတယ်။

အဲဒီနောက် ဘုန်းမောက်၊ ဆွမ်ဆီး၊ ခေလ်မာနော့၊ ခရော်လေ၊ ဟာတယ်ပူးလ်အသင်းတွေမှာ ကစားခဲ့ကာ နောက်ဆုံး ပရက်စတန်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

ပရက်စတန်အသင်းမှာ သုံးနှစ်ကြာခဲ့ပြီး ပြိုင်ပွဲစုံ ၁၃၈ ပွဲကစားပေးခဲ့ပါတယ်။

ဝုဒ်မန်းအနေနဲ့ အင်္ဂလန်သက်တမ်းလိုက် လူငယ်အသင်းခြောက်သင်းမှာ ကစားခဲ့ပြီး လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံခဲ့ရပါဘူး။

၎င်းဟာ လီဗာပူးလ်အသင်းမှာ အယ်လီဆန်၊ မာမာဒါရှက်ဗလီတို့နောက် တတိယဂိုးသမားအဖြစ်သာ ကစားရဖို့ရှိပါတယ်။

လီဗာပူးလ်အသင်းဟာ ဗလင်စီယာအသင်းဂိုးမား မာမာဒါရှက်ဗလီ၊ လေဗာကူဆင်နောက်ခံလူ ဖရင်ပေါင်နဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဗက်ဇ်၊ ဘုန်းမောက်နောက်ခံလူ ကာကက်ဇ်၊ ပွတ်ရှ်ကပ်ဂိုးသမား အာမင်ပက်ဆီတို့ကို
လည်း ခေါ်ယူထားပါတယ်။

မူရင်းသတင်း — Eleven Media Group