Eleven Media Group

■ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

Photo: YouTube

◘ ပါလ်မီးရပ်စ် - ဘိုတာဖိုဂို (မြန်မာစံတော်ချိန် ဇွန်လ ၂၈ ရက် ည ၁၀ နာရီခွဲ)

ဘရာဇီးလ်ကလပ်အသင်းအချင်းချင်း တွေ့ဆုံမှုဖြစ်ပြီး နှစ်သင်းခြေစွမ်းကလည်း သိပ်မကွာပါဘူး။ အခုရာသီ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ ပါလ်မီးရပ်စ်အသင်းက အဆင့် ၄ နဲ့ ဘိုတာဖိုဂိုအသင်းက အဆင့် ၈ နေရာတွေမှာ ရပ်တည်နေပါတယ်။ ပါလ်မီးရပ်စ်အသင်းမှာ ဘာစီလိုနာကစားသမားဟောင်း ဗစ်တာရော့ကေး၊ ချယ်လ်ဆီးကိုပြောင်းတော့မယ့် အီစတယ်ဗိုတို့ ပါဝင်နေပါတယ်။ ဘိုတာဖိုဂိုအသင်းက ပါလ်မီးရပ်စ်နဲ့ နောက်ဆုံးတွေ့ဆုံမှု ငါးပွဲမှာ သုံးပွဲနိုင်၊ နှစ်ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့ပါဘူး။ အခုပွဲတော့ ပါလ်မီးရပ်စ်ကို ရွေးချယ်တာပိုကောင်းမယ်။

◘ ဘင်ဖီကာ - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဇွန်လ ၂၉ ရက် နံနက် ၂ နာရီခွဲ)

ဘင်ဖီကာအသင်းက ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားပြီး အုပ်စုပထမနေရာ ရခဲ့တာပါ။ ချယ်လ်ဆီးအသင်းက အခုပြိုင်ပွဲမှာ ကျေနပ်စရာကောင်းတဲ့ခြေစွမ်းမျိုး မပြနိုင်သေးပေမဲ့ ဆီမီးဖိုင်နယ်အဆင့်အထိ ပွဲစဉ်လမ်းကြောင်း
ချောင်နေတာကို သတိပြုသင့်ပါတယ်။ နည်းပြ မာရက်စကာအဖို့လည်း ပထမရာသီစမ်းသပ်မှု အောင်မြင်ထားပြီး အခုကလပ်ကမ္ဘာ့ဖလားက ပိုပြီးမှတ်ကျောက်တင်စရာ ဖြစ်စေလိမ့်မယ်။ ဘင်ဖီကာရဲ့ လက်ရှိပုံစံအရ ချယ်လ်ဆီးကို
ဒုက္ခပေးနိုင်မယ် မထင်ဘူး။ ချယ်လ်ဆီးပဲ အနိုင်ရဖို့များတယ်။

မူရင်းသတင်း — Eleven Media Group