Eleven Media Group

■ စီရော်နယ်လ်ဒိုရဲ့စာချုပ်သစ်ချုပ်ဆိုမှုကို ကလပ်အသင်းဖော်ဟောင်း အရွှန်းဖောက်

Photo: Man Utd

အယ်လ်နာဆာအသင်းနဲ့ နှစ်နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ကလပ်အသင်းဖော်ဟောင်း ဒဟေးယားက အရွှန်းဖောက်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုက အယ်လ်နာဆာအသင်းနဲ့ စာချုပ်ချုပ်ဆိုမှုကို သူ့ရဲ့လူမှုကွန်ရက် X မှာ တင်ရှိခဲ့ပါတယ်။

အဲဒီအကြောင်းအရာအောက်မှာ ဒဟေးယားက ''ပြီးတော့ အခမဲ့ကစားတာပေါ့''လို့ ရေးသားကာ နောက်ပြောင်ခဲ့ပါတယ်။

ဒဟေးယားဟာ စီရော်နယ်လ်ဒို အိုးလ်ထရက်ဖို့ဒ်ကို တစ်ကျော့ပြန်ရောက်လာချိန်မှာ အသင်းဖော်တွေ ဖြစ်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ နှစ်နှစ်စာချုပ်အတွက် ပေါင် ၄၉၂ သန်းလောက် ရဖို့ရှိပြီး အားကစားသမိုင်းမှာ တန်ဖိုးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

စာချုပ်အရ တစ်နေ့လုပ်ခ ပေါင် ၄၈၈၀၀၀ ရှိပြီး လက်မှတ်ထိုးကြေး ပေါင် ၂၄.၅ သန်းလည်း ရခဲ့ပါတယ်။

စာချုပ်ဒုတိယနှစ်မှာ ပေါင် ၃၈ သန်း တိုးမြှင့်ရရှိကာ ပေါင် ၃၃ သန်းလောက်တန်တဲ့ ကလပ်ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခွင့် ရရှိပါလိမ့်မယ်။

မူရင်းသတင်း — Eleven Media Group