Eleven Media Group

■ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လူစားလဲခံရတဲ့ ကစားသမားတွေကို အင်တာဗျူးမယ့်အစီအစဉ် ထည့်သွင်းမယ်

Photo: Gettyimages

၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ရုပ်သံထုတ်လွှင့်မှုမှာ လူစားလဲခံရတဲ့ ကစားသမားတွေကို ပွဲအတွင်းမှာပဲ အင်တာဗျူးမယ့်အစီအစဉ် ထည့်သွင်းမယ်လို့ သိရပါတယ်။

ဒါ့အပြင် အသင်းအဝတ်အစားလဲခန်းအထိ ရုပ်သံရိုက်ကူးခွင့်လည်း ရရှိလာမှာဖြစ်ပါတယ်။

ရုပ်သံရိုက်ကူးသူတွေဟာ ဂိုးသွင်းတဲ့အခါမှာလည်း ကွင်းထဲအထိဝင်ပြီး အနီးကပ်ရိုက်ကူးခွင့်လည်း ရရှိပါလိမ့်မယ်။

ပရီးမီးယားလိဂ်ရဲ့ လေးနှစ်သက်တမ်းရှိတဲ့ ရုပ်သံစာချုပ်သစ်ဟာ လာမယ့်ရာသီမှာ စတင်အသက်ဝင်ပြီး ပေါင် ၆.၆ ဘီလျံ တန်ကြေးရှိပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အတည်ပြုဖို့ ကျန်ပါသေးတယ်။

လူစားလဲခံရသူတွေကို ကွင်းဘေးစည်း အင်တာဗျူးရာမှာ ကစားသမားတွေ စိတ်လက်သက်သာဖြစ်မှ အင်တာဗျူးခွင့် ပြုထားပါတယ်။

ဒါ့အပြင် ပွဲအတွင်း ဘယ်လိုအင်တာဗျူးမလဲ၊ ပွဲဘယ်လောက်များများလုပ်မဆဲဆိုတဲ့ အသေးစိတ်အချက်အလက်ကို မကြာခင် ထုတ်ပြန်ဖို့ ရှိပါတယ်။

အဝတ်အစားလဲခန်း ရုပ်သံရိုက်ကူးမှုမှာ အသင်းဆွေးနွေးမှုကိုတော့ ရိုက်ကူးခွင့် မရှိပါဘူး။

မူရင်းသတင်း — Eleven Media Group