Eleven Media Group

■ ပေါ့ဘာကို အသင်းကစားသမားအဖြစ် မိုနာကိုအသင်း တရားဝင်မိတ်ဆက်

Photo: AS Monaco

မိုနာကိုအသင်းက ပြင်သစ်နာမည်ကြီးကွင်းလယ်လူ ပေါ့ဘာကို အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

ပေါ့ဘာနဲ့ မိုနာကိုတို့ အပြောင်းအရွှေ့သတင်းတွေက ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကတည်းက ထွက်ပေါ်လာပြီး အခုမှာ တရားဝင်ကြေညာခဲ့တာပါ။

ပေါ့ဘာ(၃၂ နှစ်)ဟာ မိုနာကိုအသင်းနဲ့ နှစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်။

ပေါ့ဘာအနေနဲ့ တားမြစ်ဆေးသုံးစွဲလို့ လေးနှစ်ပိတ်ပင်ခံရပေမဲ့ ၁၈ လကို လျှော့ချပေးပြီးနောက် ပြီးခဲ့တဲ့မတ်လကတည်းက ဘောလုံးပြန်ကစားခွင့် ရနေတာပါ။

ပေါ့ဘာဟာ မိုနာကိုအသင်းမှာ တစ်နှစ် ယူရို ၂ သန်း ရရှိမှာဖြစ်ပါတယ်။

၎င်းအနေနဲ့ အသင်းသစ်မှာ ကျောနံပါတ် ၈ ဂျာစီ ဝတ်ဆင်ကစားမှာဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group