
ဆလိုဗက်ကီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၅ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ အင်္ဂလန်အသင်းက ဂျာမနီအသင်းကို အချိန်ပိုကစားကာ ၃-၂ ဂိုးနဲ့ အနိုင်ရပြီး
နှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ အဲလိယတ်(၅ မိနစ်)၊ ဟတ်ချင်ဆန်(၂၄ မိနစ်)တို့ရဲ့ဂိုးတွေနဲ့ နှစ်ဂိုးပြတ်ဦးဆောင်ခဲ့ပြီးမှ ဗိုင်ပါ(၄၅+၁ မိနစ်)၊ နယ်ဘယ်လ်(၆၁ မိနစ်)တို့က ချေပဂိုးတွေ ပြန်သွင်းခဲ့ပြီး အင်္ဂလန်ရဲ့အနိုင်ဂိုးကိုတော့ ၉၂ မိနစ်မှာ
လူစားဝင်လာတဲ့ ဂျိုနသန်ရိုဝီက သွင်းယူပေးခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ၂၀၂၃၊ ၂၀၂၅ နှစ်ကြိမ်ဆက်အပြင် ၁၉၈၂၊ ၁၉၈၄ ပြိုင်ပွဲတွေမှာလည်း ဆက်တိုက်ချန်ပီယံဖြစ်ခဲ့လို့ လေးကြိမ်မြောက် ဗိုလ်စွဲခဲ့ပါတယ်။
ဥရောပ ယူ-၂၁ ပြိုင်ပွဲမှာ စပိန်နဲ့ အီတလီက ချန်ပီယံ ငါးကြိမ်နဲ့ အအောင်မြင်ဆုံးဖြစ်ပြီး ယခင် ဂျာမနီနဲ့ သုံးကြိမ်စီ တူနေရာကနေ ဒုတိယနေရာမှာ လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်နိုင်ခဲ့တာပါ။
အင်္ဂလန်အသင်းနဲ့အတူ နှစ်ကြိမ်စလုံး ဖလားယူပေးခဲ့တဲ့ နည်းပြ ကာစလေကတော့ ယခင်နှစ်ကြိမ် ချန်ပီယံဖြစ်စေခဲ့တဲ့ ဒေ့ဗ်ဆက်တန်ရဲ့ မှတ်တမ်းကို လိုက်မီခဲ့ပါတယ်။
လီဗာပူးလ်ကစားသမား အဲလိယတ်ဟာ ကွာတားဖိုင်နယ် ၁ ဂိုး၊ ဆီမီးဖိုင်နယ်မှာ ၂ ဂိုးနဲ့ ဗိုလ်လုပွဲမှာ ၁ ဂိုးအပါအဝင် ပြိုင်ပွဲတစ်လျှောက် ငါးဂိုးသွင်းပြီး အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲရဲ့ပွဲစဉ်အလိုက်အကောင်းဆုံးဆုကိုတော့ မန်စီးတီးအသင်းမှာ ကစားနေတဲ့ မက္ကတီးက ရရှိခဲ့ပါတယ်။