Eleven Media Group

ဂျော်အိုပတ်ဒရိုအတွက် ကမ်းလှမ်းမှုနှစ်ခုကို ဘရိုက်တန်အသင်း ပယ်ချ

Photo: Getty Images

ဘရိုက်တန်အသင်းဟာ ဘရာဇီးလ်တိုက်စစ်မှူး ဂျော်အိုပတ်ဒရိုအတွက် ကမ်းလှမ်းမှုနှစ်ခုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ဂျော်အိုပတ်ဒရိုဟာ ၂၀၂၃ နွေရာသီကမှ ဝက်ဖို့ဒ်ကနေ ဘရိုက်တန်အသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)နဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး ခြေစွမ်းပြနေတာကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတချို့က စိတ်ဝင်စားနေကြတာပါ။
အခု ဘယ်အသင်းတွေက ကမ်းလှမ်းခဲ့တာလဲဆိုတာကို ဘရိုက်တန်အသင်းက ထုတ်ပြန်ကြေညာခြင်းမပြုခဲ့ပေမဲ့ ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့ဖြစ်တယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။
အဲဒီအသင်းနှစ်သင်းက ဂျော်အိုပတ်ဒရိုကို ပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဘရိုက်တန်အသင်းက အနည်းဆုံးပေါင်သန်း(၆၀) အလိုရှိနေတာကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ဂျော်အိုပတ်ဒရိုဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် (၂၇)ပွဲကစားရာမှာ (၁၀)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၆)ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ဘရိုက်တန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကတော့ ၂၀၂၈ ခုနှစ်အထိ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group