
ဒီနေ့မနက်ပိုင်းက အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ UFC-317 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ ဂျိုရှူအာဗန် အမှတ်နဲ့ အနိုင်ရပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။
ဂျိုရှူအာဗန်ဟာ အမေရိကန်က ဘရန်ဒန်ရွိင်ဗယ်နဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး သုံးချီပြည့်တဲ့အထိ အလဲမထိုးနိုင်ပေမယ့် အမှတ်နဲ့ ဆုံးဖြတ်ရာမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဂျိုရှူအာဗန်ဟာ ပထမအချီမှာ လက်ရည်အသာနဲ့ ထိုးသတ်နိုင်ခဲ့ပြီး ဒုတိယအချီမှာ ဘရန်ဒန်ရွိင်ဗယ် ပြန်သာခဲ့ပါတယ်။
တတိယအချီမှာ နှစ်ဦးစလုံး အပြန်အလှန်ထိုးသတ်နိုင်ပေမယ့် ဂျိုရှူအာဗန်ရဲ့ လက်သီးချက်တွေ ပိုထိရောက်ခဲ့ပါတယ်။
အချီပြည့်ခါနီးမှာ ဂျိုရှူအာဗန်ရဲ့ လက်သီးချက်ကြောင့် ဘရန်ဒန် ကြမ်းပြင်ပေါ်ကျသွားပြီး ဆက်တိုက်ဖိထိုးပေမဲ့ အချိန်ပြည့်သွားလို့ ပွဲမပြတ်ခဲ့တာပါ။
ဂျိုရှူအာဗန်ဟာ UFC မှာ နောက်ဆုံး ငါးပွဲဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပြီး ပွဲမတိုင်ခင်မှာ UFC CEO ရဲ့ ပြောကြားထားမှုအရ အနိုင်ရခဲ့တဲ့ ဂျိူရှူအာဗန်ဟာ ဖလိုင်း၀ိတ်တန်း ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရတော့မှာဖြစ်ပါတယ်။