
PSG နှင့် အင်တာမိုင်ယာမီ (မြန်မာစံတော်ချိန် တနင်္ဂနွေည ၁ဝး၃၀ နာရီ)
ဥရောပချန်ပီယံ PSG အသင်းက ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်သလို၊ အုပ်စုအဆင့်မှာ ရှုံးပွဲတစ်ပွဲ ရှိခဲ့ပေမဲ့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ နာမည်ကျော်တိုက်စစ်မှူး မက်ဆီ ဦးဆောင်နေတဲ့ အင်တာမိုင်ယာမီအသင်းကလည်း အုပ်စုအဆင့်မှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ PSG အသင်းက အပေါ် အသင်းအဖြစ် ရှိနေပေမဲ့ မိနစ် (၉၀)အတွင်း အနိုင်ရဖို့တော့ ရုန်းကန်ရနိုင်ပါတယ်။
ဖလာမင်ဂို နှင့် ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် တနင်္လာနံနက် ၂း၃၀ နာရီ)
ဖလာမင်ဂိုက ရှုံးထွက်အဆင့်ရောက်လာတဲ့ ဘရာဇီးလ်ကလပ်တွေထဲမှာ ခြေစွမ်းအပြနိုင်ဆုံးလို့ ဆိုရမှာဖြစ်ပြီး အုပ်စုအဆင့်မှာ ချယ်လ်ဆီးကိုလည်း အနိုင်ယူခဲ့တာပါ။ ဘိုင်ယန်မြူးနစ်ကလည်း အမှတ်မလိုတော့တဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာကလွဲရင် ရှေ့ပွဲတွေမှာ ခြေစွမ်းပြခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲက အကြိတ်အနယ်ရှိမှာ သေချာနေပြီး ဘိုင်ယန်မြူးနစ်ကို ပိုကြိုက်ပါတယ်။