Eleven Media Group

ဘရန့်ဖို့ဒ်အသင်းနဲ့ ဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ ပိုချက်တီနို ငြင်းဆန်

Photo: Getty Images

အမေရိကန်လက်ရွေးစင်အသင်းနည်းပြ ပိုချက်တီနိုက ဘရန့်ဖို့ဒ်အသင်းနဲ့ ဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ ငြင်းဆန်ပြောကြားခဲ့ပါတယ်။
ဘရန့်ဖို့ဒ်အသင်းက နည်းပြ သောမတ်စ်ဖရန့်ခ် စပါးအသင်းကို ပြောင်းရွှေ့သွားတာကြောင့် နည်းပြသစ် ရှာဖွေခဲ့ချိန်မှာ ပိုချက်တီနို၊ စတိဗ်ကူးပါးတို့နဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဘရန့်ဖို့ဒ်အသင်းက Set piece နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ကိသ်အန်ဒရူူးစ်ကို အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါပြီ။
ဒါပေမဲ့ ပိုချက်တီနိုက သူနဲ့ ပတ်သက်ပြီး သတင်းထွက်ခဲ့တာကြောင့် မဟုတ်မှန်ကြောင်း ဖြေရှင်းပြောကြားခဲ့တာပါ။
'' ဒီအသင်းက ကျွန်တော့်ကို ဘယ်တုန်းကမှ မဆက်သွယ်ခဲ့သလို၊ ကျွန်တော်လည်း ဘယ်တုန်းကမှ သူတို့နဲ့ စကားမပြောခဲ့ပါဘူး'' လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။
ပိုချက်တီနိုက အမေရိကန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ရာမှာ ရလဒ်တွေမကောင်းတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရသူဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတွေ နည်းပြရာထူးလစ်လပ်တိုင်း သူနဲ့ သတင်းထွက်ပေါ်လေ့ရှိပါတယ်။

မူရင်းသတင်း — Eleven Media Group