Eleven Media Group

ဖလိုင်းဝိတ်ချန်ပီယံ ခါးပတ်ကို ပန်တိုယာ ဆက်ထိန်းခဲ့ပြီး လာမယ့်ပွဲ ဂျိုရှူအာဗန်နဲ့ ရင်ဆိုင်တွေ့မယ်

Photo: UFC

UFC 317ရဲ့ ဒုတိယခေါင်ပွဲဖြစ်တဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံကာကွယ်ပွဲမှာ လက်ရှိချန်ပီယံ ဘရာဇီးလ်ကစားသမား အဲလက်ရှန်ဒရီပန်တိုယာက စိန်ခေါ်သူ နယူးဇီလန်က ကိုင်ကာရာဖရန့်ကို Submissionနဲ့ အနိုင်ယူခဲ့ပါတယ်။

တတိယအချီ ၁ မိနစ် ၅၅ စက္ကန့်မှာ ပန်တိုယာက လည်ပင်းချုပ်ကွက်နဲ့ အနိုင်ယူခဲ့တာပါ။

ပန်တိုယာ (၃၅ နှစ်)ဟာ လာမယ့်ချန်ပီယံကာကွယ်ပွဲမှာ မြန်မာကစားသမား ဂျိုရှူအာဗန်နဲ့ ထိုးသတ်ရဖို့ ရှိပါတယ်။

ပန်တိုယာအနေနဲ့ UFC မှတ်တမ်းမှာ ၁၄ ပွဲနိုင်၊ ၃ ပွဲရှုံးထားပြီး နောက်ဆုံးရှစ်ပွဲဆက် အနိုင်ရခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group