
နာပိုလီအသင်းဟာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို ခေါ်ယူဖို့ ဆန္ဒရှိနေပေမဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း(၅၀)သာ သုံးစွဲလိုတယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းက ဒါဝင်နူးနက်ဇ်(၂၆ နှစ်)ကို ၂၀၂၂ နွေရာသီမှာ ဘင်ဖီကာအသင်းဆီကနေ ပေါင်(၈၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၄၇)ပွဲမှာ (၇)ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
ဒါကြောင့် ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်တာဖြစ်ပြီး ဒါဝင်နူးနက်ဇ်ကလည်း လမ်းခွဲဖို့ သဘောတူခဲ့ပြီလို့ သိရပါတယ်။
ဒါပေမဲ့ လီဗာပူးလ်အသင်းက ဒါဝင်နူးနက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၇၀)ဝန်းကျင်ရရှိလိုပြီး နာပိုလီအသင်းက ပေါင်သန်း(၅၀)သာ ပေးချေလိုတာကြောင့် ဆက်လက်ညှိနှိုင်းရဖွယ်ရှိတယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းက လက်ရှိအချိန်မှာ ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း(၂၀၀)ကျော် သုံးစွဲထားသလို၊ ကစားသမားသစ်တွေ ထပ်ခေါ်ဖို့လည်း ကြိုးစားနေဆဲဖြစ်တာကြောင့် ကစားသမားရောင်းချမှုတွေကိုလည်း မဖြစ်မနေပြု လုပ်ရဖွယ်ရှိတယ်လို့ သိရပါတယ်။