Eleven Media Group

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား (၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

Photo: Manchester City

အင်တာမီလန် နှင့် ဖလူမင်နိစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

နည်းပြသစ် ချီဗူးက ပွဲဦးထွက်ပြိုင်ပွဲမှာ အင်တာမီလန်အသင်းကို ကျေနပ်စရာကောင်းအောင် ကိုင်တွယ်ထားနိုင်တယ်လို့ ဆိုရမှာပါ။ အင်တာမီလန်အသင်းက (၂)ပွဲနိုင်၊ (၁)ပွဲသရေရလဒ်နဲ့ ရှုံးထွက်အဆင့်ကို တက်လာခဲ့တာဖြစ်ပြီး တိုုက်စစ်ကလည်း ပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဖလူမင်နိစ်ကလည်း ရှုံးပွဲမရှိခဲ့တဲ့အသင်းဖြစ်ပြီး ဂိုးမသွင်းနိုင်တဲ့ပွဲကတော့ နှစ်ပွဲ ရှိခဲ့ပါတယ်။ အင်တာမီလန် ဂိုးဘယ်လောက်သွင်းနိုင်မလဲပဲ ကြည့်ရမယ့်ပွဲပါ။

မန်စီးတီး နှင့် အယ်လ်ဟီလာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ရး၃၀ နာရီ)

အုပ်စုတွင်းမှာ ရာနှုန်းပြည့်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ သေချာပါတယ်။ အယ်လ်ဟီလာက ရီးယဲလ်ကို သရေကစားခဲ့သလို၊ ရှုံးပွဲမရှိအောင်လည်း စွမ်းဆောင်ခဲ့ပေမဲ့ မန်စီးတီးကိုတော့ ယှဉ်နိုင်မှာမဟုတ်ပါဘူး။ မန်စီးတီး ဂိုးပြတ်နိုင်ဖို့များပါတယ်။

မူရင်းသတင်း — Eleven Media Group