
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းက သူတို့အသင်းအနေနဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ကြုံးဝါးပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက ကလပ်ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေပြီး ကွာတားဖိုင်နယ်တက်ရောက်ထားသလို၊ ဟာရီကိန်းကလည်း (၃)ဂိုးသွင်းယူပြီး ဂိုးသွင်းအများဆုံးစာရင်းမှာ ပါဝင်နေပါတယ်။
ကွာတားဖိုင်နယ်အဆင့်မှာ ဘိုင်ယန်မြူးနစ်က PSG နဲ့ ရင်ဆိုင်ရမှာကြောင့် မေးမြန်းမှုအပေါ် ဟာရီကိန်းက အခုလို ပြောကြားခဲ့တာပါ။
'' ကျွန်တော်တို့ ကလပ်ကမ္ဘာ့ဖလားကို ရယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ လာမယ့်အဆင့်မှာ ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူတို့က ချန်ပီယံလိဂ် ချန်ပီယံတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ခံစားနေရပါတယ်'' လို့ ဟာရီကိန်းက ပြောကြားခဲ့ပါတယ်။
ဟာရီကိန်းရဲ့ ဘိုင်ယန်မြူးနစ်အသင်းဖော် ဂိုဟက်ဇ်ကာကလည်း ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ PSG အသင်းကို အနိုင်ရထားတာကြောင့် လာမယ့်ပွဲအတွက် ယုံကြည်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။