Eleven Media Group

ဘက်ဆစ်တက်အသင်းနဲ့ (၄)နှစ်စာချုပ် ချုပ်ဆိုဖို့ အေဘရာဟမ် သဘောတူညီမှုရရှိ

Photo: Getty Images

ရိုးမားအသင်းက အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်ဟာ တူရကီကလပ် ဘက်ဆစ်တက်အသင်းကို (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
အေဘရာဟမ်(၂၇ နှစ်)ဟာ ချယ်လ်ဆီးအကယ်ဒမီက ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၁ နွေရာသီမှာ ရိုးမားအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။
ရိုးမားအသင်းက အေဘရာဟမ်ကို ပြီးခဲ့တဲ့ရာသီတုန်းက အေစီမီလန်အသင်းဆီ အငှားချခဲ့ပြီး အခုအခါမှာတော့ ဘက်ဆစ်တက်အသင်းရဲ့ ယူရိုသန်း(၂၀)နဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ရုရှားကလပ် ဇင်းနစ်အသင်းကလည်း အဲဒီပမာဏနဲ့ပဲ ကမ်းလှမ်းခဲ့ပေမဲ့ အေဘရာဟမ်က မန်ယူနည်းပြဟောင်း ဆိုးလ်ရှား ကိုင်တွယ်နေတဲ့ ဘက်ဆက်တစ်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အေဘရာဟမ်ဟာ ဘက်ဆစ်တက်အသင်းနဲ့ (၄)နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ်လစာ ယူရို(၆)သန်းဝန်းကျင် ရရှိမယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group