Eleven Media Group

ကစားသမားဘဝက အနားယူလိုက်တဲ့ ဂျွန်နီအီဗန်စ်ကို လူငယ်ကစားသမား အငှားချထားရေးအတွက် မန်ယူ တာဝန်ပေး

Photo: Man Utd

မန်ချက်စတာယူနိုက်တက်အသင်းက ကစားသမားဘဝက အနားယူလိုက်ပြီဖြစ်တဲ့ ၀ါရင့်နောက်ခံလူ ဂျွန်နီအီဗန်စ်ကို လူငယ်ကစားသမားအငှားချထားရေးအတွက် တာဝန်ပေးလိုက်ကြောင်း သိရပါတယ်။
မြောက်အိုင်ယာလန်ကစားသမား အီဗန်စ်(၃၇ နှစ်)ဟာ မန်ယူအကယ်ဒမီက ထွက်ပေါ်လာသူဖြစ်ပြီး မန်ယူအသင်းမှာ နှစ်ကြိမ်ကစားခဲ့သူပါ။
အီဗန်စ်ဟာ ပြီးခဲ့တဲ့ မေလကတည်းက ကစားသမားဘဝက အနားယူခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ မန်ယူအသင်းရဲ့ ဝက်ဘ်ဆိုက်ကတစ်ဆင့် အတည်ပြုကြေညာခဲ့ပါတယ်။
မန်ယူအသင်းကလည်း အီဗန်စ်ကို လူငယ်ကစားသမား အငှားချထားရေးအကြီးအကဲအဖြစ် တာဝန်ပေးခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
အီဗန်စ်ဟာ မန်ယူအသင်းရဲ့ဘောလုံးဒါရိုက်တာ ဝီလ်ကော့စ်နဲ့အတူ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး လူငယ်ကစားသမားတွေကို အငှားချထားခြင်းကနေ အသင်းအတွက် အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်ရမှာပါ။
ဝီလ်ကော့စ်ကတော့ အီဗန်စ်ဟာ လူငယ်ကစားသမားတွေအတွက် စံထားရတဲ့ကစားသမားတစ်ယောက်ဖြစ်တာကြောင့် ဒီရာထူးနဲ့ ကိုက်ညီလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group