Eleven Media Group

ကမ္ဘာ့ဖလားအိပ်မက်အတွက် ကိုမိုထံ မိုရာတာ ပြောင်းရွှေ့ဖွယ်ရှိ

Photos: AFP

အေစီမီလန်အသင်းက စပိန်တိုက်စစ်မှူး မိုရာတာဟာ ကမ္ဘာ့ဖလားအိပ်မက်အတွက် ကိုမိုအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။
မိုရာတာ(၃၂ နှစ်)ဟာ ဥရောပထိပ်သီးအသင်းများစွာမှာ ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၂၄ နွေရာသီမှာ အေစီမီလန်အသင်းကို ရောက်ရှိခဲ့သူပါ။
ဒါပေမဲ့ ၂၀၂၅ ဇန်နဝါရီမှာ ဂါလာတာစာရေးအသင်းဆီ အငှားချခဲ့ပြီး အေစီမီလန်အသင်းက သူ့ကို ပြန်လည်ရောင်းထုတ်လိုနေတယ်လို့ သိရပါတယ်။
မိုရာတာက လက်ရွေးစင်ကစားသမားဘဝက အနားယူဖို့ စဉ်းစားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲဖို့ ဆန္ဒရှိနေတာကြောင့် ပုံမှန်ပွဲကစားခွင့်ရရှိမယ့် ဥရောပထိပ်တန်းလိဂ်က အသင်းတစ်သင်းမှာ ပြောင်းရွှေ့ကစားဖို့ လိုလားနေတယ်လို့ သိရပါတယ်။
ဒီအတွက် မိုရာတာဟာ ကာတာကလပ်အသင်းတစ်သင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး စပိန်လက်ရွေးစင်အသင်းဖော်ဟောင်း ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမိုအသင်းဆီ ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group