
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ လက်ရှိကလပ်မှာပဲ ဆက်ကစားသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်လိုက်ရမှုနဲ့အတူ မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ကောလာဟလတချို့လည်း ထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ နှစ်ဖက်စလုံးက စာချုပ်သစ်ချုပ်ဆိုပြီး အသင်းမှာ ဆက်ရှိဖို့ ဆန္ဒရှိနေတာဖြစ်တယ်။
မက်ဆီရဲ့စာချုပ်သက်တမ်းဟာ အခုနှစ် ဒီဇင်ဘာလကုန်မှာ သက်တမ်းကုန်ဆုံးမှာပါ။
အင်တာမိုင်ယာမီဘက်က သတင်းရင်းမြစ်တွေက အသင်းအနေနဲ့ မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ အသင့်ပဲလို့ ဖွင့်ဟခဲ့ပါတယ်။
မက်ဆီဟာ ၂၀၂၃ ခုနှစ်မှာ အင်တာမိုင်ယာမီအသင်းကို ရောက်လာပြီး အသင်းကို ဖလားနှစ်လုံး ရယူပေးထားခဲ့ပါတယ်။
ပြိုင်ပွဲစုံ ၆၃ ပွဲကစားပြီး ဂိုး ၅၀ သွင်းယူကာ ၂၄ ဂိုး ဖန်တီးပေးခဲ့ပါတယ်။