Eleven Media Group

■ အသင်းမှာ အမ်ဘူမို ဆက်နေဖို့ မဖြစ်နိုင်လို့ ဘရန့်ဖို့ဒ် အတည်ပြု

Photo: Gettyimages

မန်ယူနိုက်တက်အသင်းပစ်မှတ် အမ်ဘူမို အသင်းမှာ လာမယ့်ရာသီ ဆက်ကစားသွားဖို့ မဖြစ်နိုင်ကြောင်း ဘရန့်ဖို့ဒ်အားကစားဒါရိုက်တာ ဖီးလ်ဂီးလက်စ်က အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ ၎င်းက ဘရန့်ဖို့ဒ်အသင်းအနေနဲ့ အမ်ဘူမိုကို ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးရမှ ရောင်းချမယ်လို့ ထပ်လောင်းပြောခဲ့ပါတယ်။

ကင်မရွန်းလက်ရွေးစင်တိုက်စစ်မှူး အမ်ဘူမိုဟာ မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီး ပြောင်းရွှေ့ကြေးညှိနှိုင်းမှုသာ ကျန်တော့တာပါ။

ဘရန့်ဖို့ဒ်အသင်းက မန်ယူနိုက်တက်ရဲ့နောက်ဆုံး ပေါင် ၆၂.၅ သန်းတန် ကမ်းလှမ်းမှုအပါအဝင် နှစ်ကြိမ်တိုင် ငြင်းဆန်ထားခဲ့ပါတယ်။

အမ်ဘူမိုကိုယ်တိုင်ကလည်း မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လိုတယ်လို့ ဘရန့်ဖို့ဒ်အသင်းထံ သတင်းပို့ထားပြီးဖြစ်ပါတယ်။

အမ်ဘူမိုကို နည်းပြဟောင်း သောမတ်စ်ဖရန့်ခ် ကိုင်တွယ်နေတဲ့ စပါးအသင်းအပါအဝင် ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတွေလည်း စိတ်ဝင်စားခဲ့ကြပါတယ်။

မူရင်းသတင်း — Eleven Media Group