
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် ဂျူဗင်တပ်စ်နဲ့ပွဲမှာ ပြိုင်ပွဲပွဲဦးထွက် ပါဝင်ကစားဖွယ် ရှိနေပါတယ်။
ရီးယဲလ်နည်းပြ ရှာဘီအလွန်ဆိုကလည်း အမ်ဘာပေ ကစားနိုင်ခြေ အမြောက်အမြားရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အမ်ဘာပေ(၂၆ နှစ်)ဟာ အစာအိမ်အောင့်လို့ ရီးယဲလ်အသင်းရဲ့ အုပ်စုပွဲ သုံးပွဲစလုံး လွဲချော်ခဲ့ရပါတယ်။
''ကိုင်လီယန်(အမ်ဘာပေ)က အခုအတော်လေးကောင်းနေပါပြီ။ ကျွန်တော်တို့ နေ့တိုင်း စကားပြောကြပါတယ်။ နောက်ဆုံးဆုံးဖြတ်ချက်ချမယ့် မနက်မှာ ကျွန်တော်တို့ သူနဲ့ စကားပြောမှာပါ။ မနက်ဖြန်မှာ ကလပ်ကမ္ဘာ့ဖလားပွဲဦးထွက်ဖို့ သူ့မှာ
ဖြစ်နိုင်ခြေ ကြီးကြီးမားမားရှိပါတယ်။ ဘယ်လောက်လဲတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေ မြင့်မားပါတယ်''လို့ အလွန်ဆိုက ပြောခဲ့ပါတယ်။
ဒါ့အပြင် အလွန်ဆိုက ရီးယဲလ်အသင်းဟာ တောင်းဆိုမှုမြင့်မားပြီး ဗိုလ်စွဲဖို့ကို မျှော်လင့်ထားကြတယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
အလွန်ဆိုဟာ ရီးယဲလ်အသင်းကို ကိုင်တွယ်တာဟာ တစ်လတောင် မပြည့်သေးဘဲ ရှိနေပါတယ်။