
◘ ရီးယဲလ်မက်ဒရစ် - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဇူလိုင်လ ၂ ရက် နံနက် ၁:၃၀ နာရီ)
အမ်ဘာပေ ပြန်ပါလာမယ့် ရီးယဲလ်အသင်းတိုက်စစ်ကိုတော့ စောင့်ကြည့်ရမယ်။ ဗင်နီစီယပ်စ်၊ ရိုဒရီဂိုတို့နဲ့တိုက်စစ်က အုပ်စုမှာ သိပ်မစွံလို့ အမ်ဘာပေကြောင့် အပြောင်းအလဲဖြစ်လာဖို့များတယ်။ ဂျူဗင်တပ်စ်အသင်းကတော့ ဒီပြိုင်ပွဲမှာ ဗလာဟိုဗစ်၊
မူအာနီ၊ ယီလ်ဒစ်ဇ်တို့ အားထုတ်မှုက မဆိုးဘူးလို့ ပြောရမယ်။ ဒါပေမဲ့ ရီးယဲလ်အသင်းပဲ အနိုင်ကစားဖို့များတယ်။
◘ ဒေါ့မွန် - မွန်တာရေး (မြန်မာစံတော်ချိန် ဇူလိုင်လ ၂ ရက် နံနက် ၇:၃၀ နာရီ)
မွန်တာရေးအသင်းမှာ စပိန်နာမည်ကျော်နောက်ခံလူ ရာမို့စ်အပြင် အိုကမ်ပို့စ်၊ ကာနာလက်စ်တို့လို လာလီဂါကစားသမားဟောင်းတွေလည်း ရှိနေတယ်။ ကစားသမားအင်အားအရလည်း ဒေါ့မွန်ကို မွန်တာရေး ကောင်းကောင်းယှဉ်နိုင်စွမ်း ရှိပါတယ်။
ဒေါ့မွန်အသင်း အုပ်စုချောင်ခဲ့လို့ အသင်းခြေစွမ်းကို ဆုံးဖြတ်ရခက်နေတယ်။ မွန်တာရေးနဲ့ပဲ စွန့်စားချင်တယ်။