Eleven Media Group

■ ကွန်ကာကပ်ဖ် Gold Cup ဆီမီးဖိုင်နယ်မှာ အိမ်ရှင် အမေရိကန် - ဂွါတီမာလာ၊ ချန်ပီယံ မက္ကဆီကို - ဟွန်ဒူးရပ်စ် တွေ့ဆုံ

Photo: Gold Cup

၂၀၂၅ ကွန်ကာကပ်ဖ် Gold Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အိမ်ရှင် အမေရိကန် - ဂွါတီမာလာ၊ လက်ရှိချန်ပီယံ မက္ကဆီကို - ဟွန်ဒူးရပ်စ်တို့ တွေ့ဆုံနေပါတယ်။

၁၈ ကြိမ်မြောက် ကွန်ကာကပ်ဖ် Gold Cup ပြိုင်ပွဲကို အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲကျင်းပနေပြီး ပွဲစဉ်အများစုကို အမေရိကန်နိုင်ငံမှာသာ ကျင်းပနေတာဖြစ်ပါတယ်။

ကွန်ကာကပ်ဖ်ဇုန်မှ ၁၅ သင်းနဲ့ ဧည့်သည် ဆော်ဒီအာရေဗျအသင်း၊ စုစုပေါင်း ၁၆ သင်းနဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲ ကျင်းပတာဖြစ်ပြီး အုပ်စုတစ်ခုစီက ထိပ်ဆုံးနှစ်သင်းစီ ကွာတာဖိုင်နယ် တက်ရောက်ခွင့်ရခဲ့ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မြန်မာစံတော်ချိန် ဇွန် ၂၉-၃၀ ရက် နံနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ပနားမားနဲ့ ဟွန်ဒူးရပ်စ်အသင်း (၁-၁) ဂိုးစီ သရေကျနေလို့ ပယ်နယ်တီကန်ရာ ဟွန်ဒူးရပ်စ်အသင်းက (၅-၄) ဂိုး၊ မက္ကဆီကိုအသင်းက ဆော်ဒီအသင်းကို
(၂-၀) ဂိုး၊ ကနေဒါနဲ့ ဂွါတီမာလာအသင်း (၁-၁)ဂိုးစီသရေကျနေလို့ ပယ်နယ်တီကန်ရာ ဂွါတီမာလာအသင်းက (၅-၆) ဂိုး၊ အမေရိကန်နဲ့ ကော်စတာရီကာအသင်း (၂-၂) ဂိုးစီ သရေကျနေလို့ ပယ်နယ်တီကန်ရာ အမေရိကန်အသင်းက (၄-၃) ဂိုးနဲ့
အနိုင်ရခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို မြန်မာစံတော်ချိန် ဇူလိုင် ၃ ရက် နံနက်ပိုင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ယခုပြိုင်ပွဲမှာ မက္ကဆီကိုအသင်းက ကိုးကြိမ်၊ အမေရိကန်အသင်းက ခုနစ်ကြိမ်၊ ကနေဒါအသင်းက တစ်ကြိမ် ဗိုလ်စွဲထားပါတယ်။

မူရင်းသတင်း — Eleven Media Group