Eleven Media Group

■ စံချိန်တင်အဖြစ် ၂၃ ရာသီမြောက် ယှဉ်ပြိုင်ကစားဖို့ ၀ါရင့်ဘတ်စကက်ဘောသမား လီဘရွန်ဂျိမ်းစ် ဆုံးဖြတ်

Photo: Lebron James Facebook

၀ါရင့်အမေရိကန်ဘတ်စကက်ဘောကစားသမား လီဘရွန်ဂျိမ်းစ်က အနားမယူသေးဘဲ စံချိန်တင်အဖြစ် ၂၃ ရာသီမြောက် ဆက်လက်ယှဉ်ပြိုင်ကစားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၀ ရှိပြီဖြစ်သူ ဂျိမ်းစ်ဟာ ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ရာသီကုန်မှာ ကစားသမားဘဝက အနားယူဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ၎င်းအနေနဲ့ ဒေါ်လာ ၅၃ သန်း (ပေါင် ၄၁ သန်း) တန်ဖိုးရှိပြီး တစ်နှစ်သက်တမ်းတိုးနိုင်တဲ့စာချုပ်ကို လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အေးဂျင့်ဖြစ်သူ ရစ်ချ်ပေါလ်က ပြောကြားပါတယ်။

''Lakers က အနာဂတ်အတွက် တည်ဆောက်နေတယ်ဆိုတာ သူသိပါတယ်။ အနာဂတ်အတွက် ပြင်ဆင်နေချိန်မှာ လတ်တလော အောင်မြင်မှုရဖို့ ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒီလိုအချိန်မှာ လီဘရွန်ရဲ့ဘဝနဲ့ အသက်မွေး
ဝမ်းကျောင်းမှုအတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ချင်ပါတယ်။ သူက သူ့အတွက်ကျန်နေသေးတဲ့ ရာသီတိုင်းကို ဆက်လုပ်ချင်ပြီး Lakers က ဒါကို နားလည်သလို သူ့အတွက် အကောင်းဆုံးဖြစ်စေ
ချင်ပါတယ်''လို့ ၎င်းက ဆိုပါတယ်။

လီဘရွန်ဂျိမ်းစ်ဟာ NBA ပြိုင်ပွဲမှာ ၂၂ ရာသီ ပါဝင်ကစားထားပြီး ဗင့်စ်ကာတာနဲ့အတူ ပူးတွဲစံချိန်တင်ထားရာ လာမယ့်ရာသီ ဆက်ကစားပါက စံချိန်သစ်တင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းဟာ ရောဘတ်ပါရစ်ရှ်ရဲ့ ပွဲအများဆုံး ၁၆၁၁ ပွဲစံချိန်ကို လိုက်မီဖို့ ၄၉ ပွဲသာ လိုတော့ပြီး ရမှတ်အများဆုံးအဖြစ် ၄၂၁၈၄ မှတ်နဲ့ စံချိန်တင်ထားပါတယ်။

မူရင်းသတင်း — Eleven Media Group