
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ကလပ်ကမ္ဘာ့ဖလားက ထွက်လိုက်ရပြီးနောက် ပြိုင်ပွဲရဲ့နောက်ဆက်တွဲအဖြစ် လာမယ့်ရာသီ သက်ရောက်မှုကို မသိရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အသင်းအနေနဲ့ လာမယ့်ရာသီ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတော့ ရှိမယ်လို့ သုံးသပ်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အုပ်စုအဆင့်မှာ ပထမနေရာ၊ ဂိုးသွင်းအများဆုံးအဖြစ် ၁၆ သင်းအဆင့်ကို တက်ရောက်လာပေမဲ့ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကို မထင်မှတ်ဘဲ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။
ဂွါဒီယိုလာဟာ နည်းပြဘဝမှာ ယခင်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲများ အပါအဝင် ၁၂ ပွဲ တာဝန်ယူခဲ့ရာမှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပြီး ယခင် ၁၁ ပွဲစလုံး အနိုင်ရထားခဲ့ပါတယ်။
လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အားသာသွားမလားဆိုတဲ့မေးခွန်းကိုတော့ အခုလို တုံ့ပြန်ခဲ့ပါတယ်။
''ဒီလိုမထင်မိစေဖို့ ကျွန်တော် ကြိုးပမ်းမှာပါ။ ဒါမှမဟုတ်ရင်တော့ ကျွန်တော် စိုးရိမ်သောက ရောက်သွားလိမ့်မယ်။ ဂျူဗင်တပ်စ်နဲ့ပွဲက ကစားပုံကို ကျေနပ်ပြီး ကျွန်တော်တို့ အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ အရေးအကြီးဆုံးအရာက ကျွန်တော်တို့ နောက်တစ်
ကြိမ်ထပ်လုပ်နိုင်မယ်လို့ အာရုံပြုထားရပါမယ်။ ကျွန်တော်တို့ဟာ ဘောလုံးနဲ့အတူ၊ ဒါမှမဟုတ် ဘောလုံးမပါဘဲနဲ့ Aggressive အသင်းတစ်သင်း ဖြစ်နိုင်ပါတယ်။ ပြိုင်ပွဲပြီးချိန်မှာ ပရီးမီးယားလိဂ်က ကျွန်တော်တို့ကို ခွင့်ပြုတဲ့အချိန်အထိ အနားယူပါမယ်။
အဲဒီနောက် တစ်ပွဲပြီးတစ်ပွဲ၊ တစ်လပြီးတစ်လ မြင်ရမှာပါ။ ပြီးတော့ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေက ကပ်ဘေးတစ်ခုလို ဖြစ်ပါတယ်။ ကျွန်တော်တို့ မောပန်းခဲ့တယ်။ ကလပ်ကမ္ဘာ့ဖလားက ကျွန်တော်တို့ကို ဖျက်ဆီးခဲ့တယ်ဆိုတာကိုတော့ မသိ
နိုင်သေးပါဘူး။ ဒါက ကျွန်တော့်ဘဝမှာ ဒီလိုဖြစ်ပျက်တာ ပထမဆုံးပါပဲ။ မန်နေဂျာအတွက် အကောင်းဆုံးအခြေအနေတော့ မဟုတ်ပါဘူး။ လာမယ့်ရာသီအတွက် ပြင်ဆင်ချိန် နှစ်လလောက် လိုချင်လား၊ စိတ်ပြန်လည်လန်းဆန်းစေချင်မလား မေးလာရင်
ခေါင်းပဲညိတ်မိမှာပါ။ ပြီးတော့ အရင်တုန်းက ကျွန်တော်တို့ လုပ်ခဲ့တာတွေအတွက် ဒီမှာရှိဖို့ ထိုက်တန်ပါတယ်။ နောက်တစ်ကြိမ် ထပ်ရှိလာရင် ကျွန်တော်တို့ အကောင်းဆုံးလုပ်ရအောင်ပါ''လို့ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။