Eleven Media Group

■ အသင်းဖော်တွေရဲ့ အားထုတ်ကြိုးပမ်မှုအပေါ် လော်တာရိုမာတီနက်ဇ် မေးခွန်းထုတ်

Photo: AFP

အင်တာမီလန်အသင်းခေါင်းဆောင် လော်တာရိုမာတီနက်ဇ်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်လိုက်ရပြီးနောက် အသင်းရဲ့စိတ်ပိုင်းဆိုင်ရာ အားနည်းမှုကို ပြစ်တင်ဝေဖန်ခဲ့ပြီး အသင်းဖော်တွေရဲ့ အားထုတ်ကြိုးပမ်းမှုအပေါ်လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

ဘရာဇီးလ်ကလပ် ဖလူမင်နိစ်အသင်းက အင်တာမီလန်ကို ထိုက်ထိုက်တန်တန် အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်ခဲ့တာဖြစ်တယ်။

ဒါ့အပြင် ၎င်းက အသင်းဖော်တွေကို ပိုပြီးမြင့်မားတဲ့ ယုံကြည်ချက်ကို ပြသဖို့လည်း တောင်းဆိုခဲ့ပါတယ်။

''မေဂျာဖလားတွေအတွက် ကျွန်တော် တိုက်ပွဲဝင်ချင်ပါတယ်။ အင်တာမှာ ဆက်နေချင်တဲ့ ဘယ်သူမဆို တိုက်ပွဲဝင်ကြပါစို့။ ဒါပေမဲ့ အသင်းမှာ မနေချင်တဲ့ ဘယ်သူမဆို အသင်းက ထွက်ခွာနိုင်ပါတယ်။ ဒီမှာနေချင်တဲ့ ကစားသမားတွေကို ကျွန်တော်တို့ လိုအပ်ပါတယ်။ အရေးပါတဲ့ အသင်းဂျာစီကို ကျွန်တော်တို့ ဝတ်ဆင်နေတာပါ။ ကျွန်တော်တို့ ထိပ်တန်းအဆင့် စိတ်ပိုင်းဆိုင်ရာမျိုး လိုအပ်ပါတယ်။ ဒါမှမဟုတ် အသင်းက ထွက်ခွာပေးပါ''လို့ လော်တာရိုမာတီနက်ဇ်က သတင်းထောက်များကို ပြောခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ အုပ်စုပထမနေရာနဲ့ ၁၆ သင်းအဆင့် တက်ရောက်လာပေမဲ့ ရေးဗားပလိတ်၊ အူရာဝရတ်စ်၊ မွန်တာရေးတို့နဲ့ တစ်အုပ်စုတည်းကျခဲ့တဲ့ အုပ်စုတွင်းမှာတောင် ရုန်းကန်ခဲ့ရပါတယ်။

အင်တာမီလန်အနေနဲ့ အခုရာသီမှာ ဖလားလက်မဲ့ရာသီကို ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group