
ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အသက် (၂၇) နှစ်အရွယ် အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြ အာမိုရင်မ်နဲ့ အဆင်မပြေတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီက အက်စတွန်ဗီလာအသင်းကို ရာသီဝက်အငှားနဲ့ သွားရောက်ကစားခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ ရပ်ရှ်ဖို့ဒ်ကို ပေါင်သန်း (၄၀) နဲ့ ခေါ်ယူခွင့်ရှိနေပေမဲ့ အပြီးသတ်ခေါ်ယူမှာ မဟုတ်ဘူးလို့ အခုရက်သတ္တပတ် အစောပိုင်းက အတည်ပြုထားပါတယ်။
လက်ရှိမှာ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ နယူးကာဆယ်နဲ့ ဘာစီလိုနာအသင်းတို့က ချိတ်ဆက်နေကြပြီး အခု ဘိုင်ယန်မြူးနစ်အသင်းကပါ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာ ဖြစ်တယ်လို့ ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ကစားသမားက လီဗာပူးလ်အသင်းကို ရွေးချယ်ခဲ့ပါတယ်။
ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းတိုက်စစ်ကို အားဖြည့်ဖို့အတွက် ရပ်ရှ်ဖို့ဒ်ကို စိတ်ဝင်စားလာတာဖြစ်ပြီး တိုက်စစ်မှာ ဟာရီကိန်းနဲ့ တွဲဖက်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။