
ပြင်သစ်နောက်ခံလူဟောင်း ဂါးလက်စ်က နာမည်ကျော် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအိပ်မက်မှာ မျက်ရည်တွေနဲ့ အဆုံးသတ်ရနိုင်တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။
အသက် (၄၀) ကျော်ပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ဇွန်လကုန်ပိုင်းကမှ အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။
စီရော်နယ်လ်ဒိုဟာ ပရိုကစားသမားဘဝ သွင်းဂိုး (၁၀၀၀) ပြည့်မြောက်တဲ့ ပထမဆုံးဘောလုံးသမားအဖြစ် စံချိန်တင်နိုင်ဖို့ ရည်မှန်းနေသလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူဖို့ပါ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ စပါးအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ပြင်သစ်နောက်ခံလူဟောင်း ဂါးလက်စ်က စီရော်နယ်လ်ဒိုရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအိပ်မက်မှာ မျက်ရည်တွေနဲ့ အဆုံးသတ်ရနိုင်တယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
ဂါးလက်စ်က "စီရော်နယ်လ်ဒိုဟာ လာမယ့်နွေရာသီမှာ ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ပါလိမ့်မယ်။ အဲဒီအချိန်မှာ သူ့အနေနဲ့ ပွဲတိုင်းကို ပွဲချိန်ပြည့်ကစားနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ အရန်ခုံက ထလာပြီး လူစားဝင်ကစားနိုင်ပါလိမ့်မယ်။ ပေါ်တူဂီအသင်းက အင်အားတောင့်တင်းပုံပေါ်ပေမဲ့ စီရော်နယ်လ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့တော့ ခက်ခဲမှာပါ။ စီရော်နယ်လ်ဒိုရဲ့ ကမ္ဘာ့ဖလားအိပ်မက်ဟာ မျက်ရည်တွေနဲ့ အဆုံးသတ်ရနိုင်ပါတယ်"လို့ ပြောကြားခဲ့တာပါ။
စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ယူရိုဖလားနဲ့ Nation League ချန်ပီယံဆု (၂) ကြိမ် ရယူထားပေမဲ့ ကမ္ဘာ့ဖလားမှာတော့ ဗိုလ်လုပွဲတောင် တက်ရောက်နိုင်ခြင်းမရှိသေးပါဘူး။