Eleven Media Group

■ လူးဝစ်ဒီယက်ဇ်အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ချဉ်းကပ်မှုကို လီဗာပူးလ်အသင်း ပယ်ချ

Photo: Getty Images

လီဗာပူးလ်အသင်းဟာ အသင်းတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ချဉ်းကပ်မှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ကိုလံဘီယာတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်က သူ့အနေနဲ့ လီဗာပူးလ်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောဆိုထားပေမဲ့ ဘာစီလိုနာနဲ့ ဆော်ဒီကလပ်အသင်းတွေက သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်နေကြတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်း ချဉ်းကပ်ခဲ့စဉ်ကလည်း သူတို့ရဲ့ကစားသမားကို ရောင်းချမှာ မဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ဖူးပြီး အခု ဘိုင်ယန်မြူးနစ်အသင်းရဲ့ ချဉ်းကပ်မှုကိုလည်း ငြင်းဆန်ခဲ့တာပါ။

အသက် (၂၈) နှစ်အရွယ် လူးဝစ်ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၅၀) မှာ (၁၇) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ လူးဝစ်ဒီယက်ဇ်ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး လီဗာပူးလ်အသင်းအနေနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group