Eleven Media Group

■ ရစ်ချာလီဆန်ကို ရောင်းထုတ်ဖို့ စပါးအသင်း စီစဉ်

Photo: Getty Images

စပါးအသင်းဟာ အသင်းတိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို အခုနွေမှာ ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ စပါးနည်းပြသစ် သောမတ်စ်ဖရန့်ဟာ ရစ်ချာလီဆန်ကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ အခုနွေမှာ အသင်းသစ် ရှာဖွေဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

အသက် (၂၈) နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ ၂၀၂၂ နွေရာသီမှာ အဲဗာတန်အသင်းကနေ စပါးအသင်းကို Add-ons ကြေးတွေအပါအဝင် ပေါင်သန်း (၆၀) နဲ့ ရောက်ရှိလာခဲ့တာပါ။

ဒါပေမဲ့ ရစ်ချာလီဆန်ဟာ စပါးအသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသလို ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေပြီး (၃) ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ (၉၀) မှာ ဂိုး (၂၀) သာ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် စပါးအသင်းဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ရစ်ချာလီဆန်ကို ပေါင်သန်း (၂၀) နဲ့ ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရစ်ချာလီဆန်ကို ခေါ်ယူဖို့အတွက် သူ့ရဲ့အသင်းဟောင်း အဲဗာတန်နဲ့ တူရကီထိပ်သီး ဂါလာတာစာရေးအသင်းတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group