
မန်ချက်စတာယူနိုက်တက်နည်းပြအဖွဲ့ဝင်ဟောင်း မက္ကာသီက တွမ်မီနေးကို ရောင်းထုတ်ခဲ့ခြင်းအတွက် အသင်းမှာရှိတဲ့သူအားလုံး နောင်တရနေတယ်လို့ ပြောကြားခဲ့ပါတယ်။
တောင်အာဖရိကတိုက်စစ်မှူးဟောင်း မက္ကာသီဟာ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း တန်ဟက်ဂ်ရဲ့လက်ထက်မှာ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူပါ။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၄ နွေရာသီမှာ အသင်းငယ်မွေးခြံပေါက်ကစားသမား တွမ်မီနေးကို နာပိုလီအသင်းဆီကို ပေါင် (၂၅) သန်းနဲ့ ရောင်းထုတ်ခဲ့တာပါ။ အသက် (၂၈) နှစ်အရွယ် တွမ်မီနေးဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ နာပိုလီအသင်းအတွက် အဓိက ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။
ဒါကြောင့် မက္ကာသီက တွမ်မီနေးကို ရောင်းထုတ်ခဲ့ခြင်းအတွက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိတဲ့သူအားလုံး နောင်တရနေကြတယ်လို့ ပြောကြားခဲ့တာပါ။
မက္ကာသီက "ငယ်မွေးခြံပေါက် ကစားသမားတွေကို ရောင်းထုတ်တဲ့အခါ အကျိုးအမြတ် အပြည့်အဝရပြီး ကစားသမားသစ်တွေ ထပ်ခေါ်နိုင်ပါတယ်။ တွမ်မီနေးက မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားဖို့ မွေးဖွားလာသူပါ။ သူက နည်းစနစ်ပိုင်းသိပ်မကောင်းပေမဲ့ တိုက်ပွဲဝင်စိတ်အပြည့်ရှိသူပါ၊ သူ့ကို ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ လက်လွှတ်လိုက်ရတာ နှမြောဖို့ ကောင်းပါတယ်။ တွမ်မီနေးကို ရောင်းချခဲ့ခြင်းအတွက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိတဲ့သူအားလုံး နောင်တရနေမယ်လို့ ကျွန်တော် ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။