
ဘိုင်ယန်မြူးနစ်ဝါရင့်တိုက်စစ်မှူး သောမတ်စ်မူလာက ဖလော်ရီယန်ဗက်ဇ်အနေနဲ့ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနိုင်မယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဂျာမန်လက်ရွေးစင်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) အပြင် Add-ons ကြေး ပေါင် (၁၆) သန်းနဲ့ ခေါ်ယူခဲ့တာပါ။
အသက် (၂၂) နှစ်အရွယ် ဖလော်ရီယန်ဗက်ဇ်အနေနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့် ဘောလုံးပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံနေရပြီး ခြေစွမ်းမပြနိုင်ပါက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
ဒါပေမဲ့ သောမတ်စ်မူလာက ဖလော်ရီယန်ဗက်ဇ်ဟာ ကစားသမားကောင်းတစ်ဦးဖြစ်သလို စိတ်ပိုင်းဆိုင်ရာ အလွန်မာကျောသူဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
သောမတ်စ်မူလာက "ဖလော်ရီယန်ဗက်ဇ်က ဘယ်အသင်းမှာ အံဝင်နိုင်တဲ့ ကစားသမားပါ။ သူက ကစားသမားကောင်းတစ်ဦးဖြစ်သလို စိတ်ပိုင်းဆိုင်ရာ သန်မာသူလည်း ဖြစ်ပါတယ်"လို့ ပြောကြားခဲ့တာပါ။
ဒါ့ပြင် သောမတ်စ်မူလာက ပြောင်းရွှေ့ကြေးမြင့်မားခြင်းကြောင့် ဖလော်ရီယန်ဗက်ဇ်အပေါ် ဘောလုံးပရိသတ်တွေရဲ့ မျှော်လင့်ချက်မှာ အရမ်းမြင့်မားနေမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။