
အာရှဘောလုံးအဖွဲ့ချုပ် (AFC)က ၂၀၂၅ -၂၀၂၆ အာရှ အမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဇူလိုင် (၃) ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြုလုပ်ရာ မြန်မာအမျိုးသမီးကလပ် အား/ကာသိပ္ပံ အသင်းသည် အုပ်စု (A) မှာ ဖိလစ်ပိုင်၊ ဂူအမ်၊ မွန်ဂိုလီးယားကလပ်အသင်းတို့နဲ့ ကျရောက်ခဲ့ကြောင်း သိရပါတယ်။
အာရှ အမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲအဆင့်မှာ အသင်းစုစုပေါင်း (၁၉) သင်း ယှဉ်ပြိုင်မှာဖြစ်ပြီး လေးအုပ်စုနဲ့ သုံးသင်း တစ်အုပ်စု ပါဝင်မှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲ အုပ်စုမဲခွဲမှုအရ အုပ်စု (A) စတယ်လိုင် ယွန်လာဂူနာ (ဖိလစ်ပိုင်)၊ အား/ကာသိပ္ပံ (မြန်မာ)၊ Strykers (ဂူအမ်)၊ Khovd Western(မွန်ဂိုလီးယား)၊ အုပ်စု (B) မှာ College of Asian Scholars (ထိုင်း)၊ PFC NASAF (ဥဇဘက်ကစ္စတန်)၊ APF (နီပေါ)၊ အယ်လ်နာဆာ (ဆော်ဒီအာရေဗျ)၊ အုပ်စု (C) မှာ ကီလာနာယူနိုက်တက် (မလေးရှား)၊ အီတီဟတ် (ယူအေအီး)၊ Lion City (စင်ကာပူ)၊ Sdyushor Si-Asiagoal (ကာဂျစ္စတန်)၊ အုပ်စု (D) မှာ Kaohsiung (တရုတ်တိုင်ပေ)၊ နာဂိုယန် (မြောက်ကိုရီးယား)၊ မာစတာ (လာအို)၊ RTC (ဘူတန်)၊ အုပ်စု (E) တွင် အရှေ့ဘင်ဂေါ (အိန္ဒိယ)၊ ကစ်ချီ (ဟောင်ကောင်)၊ ဖနွမ်းပင်ခရောင်း (ကမ္ဘောဒီးယား)တို့ ပါဝင်နေပါတယ်။
ခြေစစ်ပွဲကို သြဂုတ် (၂၃) ရက်ကန (၃၁) ရက်အထိ အုပ်စုတစ်ခုကို အိမ်ရှင်တစ်နိုင်ငံ ရွေးချယ်ကျင်းပမှာဖြစ်ပြီး အုပ်စု (A) ကို မြန်မာ၊ အုပ်စု (B) ကို ဥဇဘက်ကစ္စတန်၊ အုပ်စု (C) ကို မလေးရှား၊ အုပ်စု (D) ကို လာအို၊ အုပ်စု (E) ကို ကမ္ဘောဒီးယားနိုင်ငံတို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲ ကျင်းပမယ့်ပုံစံအရ အုပ်စုငါးခုမှ အမှတ်အများဆုံးတစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
နောက်ဆုံးအဆင့်ကို အသင်းစုစုပေါင်း (၁၂) သင်းနဲ့ ကျင်းပမှာဖြစ်ပြီး စက်တင်ဘာမှာ အုပ်စုမဲခွဲပွဲပြုလုပ်ကာ နိုဝင်ဘာမှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။
နောက်ဆုုံးအဆင့်ကို လက်ရှိချန်ပီယံ မဲလ်ဘုန်းစီးတီး (သြစတြေးလျ) အသင်းအပါအဝင် ဆူဝမ် (တောင်ကိုရီးယား)၊ တိုကျိုဗာဒီ (ဂျပန်)၊ ဝူဟန် (တရုတ်)၊ ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဘမ်ခါတန် (အီရန်) နဲ့ ယူအေအီးကလပ်အသင်းတို့မှာ ခြေစစ်ပွဲယှဉ်ပြိုင်စရာမလိုဘဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားတာပါ။
Photos: AFF, MFF & ISPE FC