
ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟောင်း ဂီလ်ဘာတိုဆေးလ်ဗားက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဘရာဇီးလ်ရဲ့ ဘောလုံးအရည်အသွေးကို ပြသနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ဂီလ်ဘာတိုဆေးလ်ဗားဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၀၂ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့သလို၊ အာဆင်နယ်အသင်းနဲ့အတူ ၂၀၀၃-၀၄ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ဂီလ်ဘာတိုဆေးလ်ဗားဟာ ဘရာဇီးလ်အသင်းအတွက် ၈၉ ပွဲကစားပြီး သုံးဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ အာဆင်နယ်နဲ့ ဖီဖာရဲ့ သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်နေပါတယ်။
ကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ကလပ်အသင်း လေးသင်း ရှုံးထွက် ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို နှစ်သင်းတက်ရောက်ခဲ့တဲ့အတွက် ဂီလ်ဘာတိုဆေးလ်ဗားက အခုလို သုံးသပ်ပောကြားခဲ့တာပါ။
''ကျွန်တော် လပေါ် ရောက်နေပါတယ်။ နှစ်သင်း ပြိုင်ပွဲက ထွက်သွားရပြီဆိုပေမဲ့ အုပ်စုအဆင့်မှာ အံ့အားသင့်စရာတွေ လုပ်ပြနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်ဘောလုံးလောကမှာ ဖြစ်ပျက်နေတာတွေက အများကြီးပါပဲ။ လမ်းကြောင်းမှန်ပေါ် ရှိနေတာလား၊ မရှိဘူးလားဆိုတာ မေးခွန်းထုတ်စရာတွေလည်း ရှိပါတယ်။ ဒီပြိုင်ပွဲကတော့ ဘရာဇီးလ်ဘောလုံးလောကအတွက် ပိုကောင်းစေနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့မှာ အရည်အသွေးရှိကြောင်း ပြသနိုင်ခဲ့ပါတယ်''လို့ ဆိုပါတယ်။