
ချယ်လ်ဆီးနည်းပြ မာရက်စကာက ပါးလ်မီးရပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားလိုခြင်းရှိ၊ မရှိအတွက် ပတ်ဒရိုနက်တိုကို စိတ်ကြိုက်ဆုံးဖြတ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းက ပေါ်တူဂီကစားသမား ဂျိုတာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တာကြောင့် သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်တဲ့ ပတ်ဒရိုနက်တိုကို မာရက်စကာက အခုလို အခွင့်အရေးပေးခဲ့တာပါ။
ပတ်ဒရိုနက်တိုက ဂျိုတာအတွက် အရမ်းကြေကွဲဝမ်းနည်းနေတာကြောင့် ပါးလ်မီးရပ်စ်နဲ့ပွဲမှာ မရွေးချယ်ဘဲ ချန်လှပ်ပေးထားဖို့လည်း မာရက်စကာက စီစဉ်ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ ပါးလ်မီးရပ်စ်တို့ရဲ့ပွဲကို မြန်မာစံတော်ချိန် စနေနံနက် ရး၃၀ နာရီမှာ ယှဉ်ပြိုင်ကစားရမှာပါ။
ပတ်ဒရိုက အရမ်းကို ဝမ်းနည်းနေပါတယ်။ ဒီအချိန်မှာ သူ့ကို အားပေးရမှာပါ။ သူ ကွင်းထဲမှာ ရှိခြင်း မရှိခြင်းက အရေးမကြီးပါဘူး။ ဘာကိစ္စပဲဖြစ်ဖြစ် သူ့ကို အားပေးသွားရမှာပါပဲ လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။