Eleven Media Group

အယ်လန်ဂါကို ပေါင် (၅၅)သန်းဝန်းကျင်နဲ့ နယူးကာဆယ် ဒုတိယအကြိမ် ကမ်းလှမ်း

Photo: Sky Sports

နယူးကာဆယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းက ဆွီဒင်တိုက်စစ်ကစားသမား အယ်လန်ဂါကို ပေါင် (၅၅)သန်းဝန်းကျင်နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
အယ်လန်ဂါ (၂၃ နှစ်)ဟာ ၂၀၂၃ နွေရာသီမှာ မန်ယူကနေ နော်တင်ဟမ်ဖောရက်စ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး နော်တင်ဟမ်အသင်းမှာ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေပါတယ်။
ဒါကြောင့် နော်တင်ဟမ်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အယ်လန်ဂါကို နယူးကာဆယ်က ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။
နယူးကာဆယ်အသင်းက ပေါင် (၄၅)သန်းဝန်းကျင်နဲ့ ပထမအကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရတာကြောင့် ပေါင် (၅၅)သန်းဝန်းကျင်နဲ့ ထပ်ကမ်းလှမ်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ပေါင် (၁၅)သန်းနဲ့ ခေါ်ယူထားတဲ့ ကစားသမားကို နော်တင်ဟမ်က ပေါင်သန်း(၆၀)လို့ စျေးနှုန်းသတ်မှတ်ထားပြီး ရောင်းထုတ်ဖို့လည်း ဆန္ဒမရှိဘူးလို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group