
အာဆင်နယ်အသင်းကွင်းလယ်လူဟောင်း သောမတ်စ်ပါတေးဟာ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကြောင့် စွဲချက်တင်ခံထားရပါတယ်။
မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အသက် (၃၂) နှစ်ရှိပြီဖြစ်တဲ့ ဂါနာကွင်းလယ်ခံစစ်ကစားသမား ပါတေးဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း အဆိုပါအမှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ပါတေးဟာ အမျိုးသမီး (၃) ဦးကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ပထမအမျိုးသမီးကို မုဒိမ်းမှုစွဲချက် (၂)ခု၊ ဒုတိယအမျိုးသမီးကို မုဒိမ်းမှုစွဲချက် (၃)ခု၊ တတိယအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှု စွဲချက်တစ်ခုနဲ့ စွဲချက်တင်ခံထားရတာပါ။
ပါတေးရဲ့ရှေ့နေဖြစ်သူကတော့ သူ့ရဲ့အမှုသည်ဟာ စွဲချက်တွေကို ငြင်းဆန်ထားပြီး သူ့ရဲ့နာမည်ကို ဖြေရှင်းခွင့်ရဖို့ အခွင့်အရေးရတဲ့အတွက် ဝမ်းသာနေတယ်လို့ ဆိုပါတယ်။
ပါတေးဟာ အာဆင်နယ်အသင်းမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာကနေ ၂၀၂၅ ရာသီကုန်အထိ (၅)နှစ်ကြာကစားခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးပေမဲ့ သဘောတူညီမှုမရလို့ ဇွန် (၃၀) ရက်မှာ စာချုပ်ကုန်ဆုံးလို့ အသင်းလက်မဲ့ကစားသမားဖြစ်နေပါပြီ။