
ချယ်လ်ဆီးနဲ့ အက်စတွန်ဗီလာအသင်းတွေကို ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ဒဏ်ငွေတပ်ရိုက်ခဲ့ပါတယ်။
ဒီအသင်းနှစ်သင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ကာလအပြီး အပြောင်းအရွှေ့ဟန်ချက်ညီအောင် မလုပ်နိုင်ဘူးဆိုရင် လာမယ့်ရာသီ UEFA ပြိုင်ပွဲတွေအတွက် ကစားသမားမှတ်ပုံတင်ခွင့် ပိတ်ပင်ခံရဖွယ် ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းက ဒဏ်ငွေ ယူရို ၃၁ သန်း(ပေါင် ၂၆.၇ သန်း)နဲ့ လာမယ့်လေးနှစ်အတွင်း အပြောင်းအရွှေ့စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် မဆောင်ရွက်နိုင်ဘူးဆိုရင် ယူရို သန်း ၆၀ ထပ်မံတပ်ရိုက်ခံရပါလိမ့်မယ်။
အက်စတွန်ဗီလာအသင်းကတော့ ဒဏ်ငွေ ယူရို ၁၁ သန်း(ပေါင် ၉ သန်း)နဲ့ လာမယ့်သုံးနှစ်အတွင်း စည်းမျဉ်းတွေနဲ့ မကိုက်ညီခဲ့ရင် ယူရို ၁၅ သန်း(ပေါင် ၁၂.၉ သန်း) ထပ်မံတပ်ရိုက်ခံရမှာဖြစ်ပါတယ်။
အခု UEFA ရဲ့ အရေးယူမှုဟာ သက်ဆိုင်ရာကလပ်တွေ ရငွေနဲ့ လစာငွေပေးချေမှုအချိုးမှာ ၈၀ ရာခိုင်နှုန်းရှိနေလို့ အရေးယူခံခဲ့ရတာပါ။
UEFA ရဲ့ ကလပ်ဘဏ္ဍာရေးထိန်းချုပ်မှုအဖွဲ့(CFCB)က ချယ်လ်ဆီးနဲ့ အက်စတွန်ဗီလာအသင်းတွေကို ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်။
ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ အက်စတွန်ဗီလာအသင်းက ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရထားပါတယ်။